Friday, September 21, 2007

ဆောင်းတွင်းအေးအေး

ခုတေလော..ကွန်နက်ရှင်ကလည်းကျ....အရှုပ်တွေကလည်းများ..(အဲလေ..အလုပ်တွေ..ပြောပါတယ်..)..ဘလောခ့်ကလည်း လှစေချင်လို့ ပြင်ပါတယ်ဆိုမှ...အပူဖုထွက်ပြီး ၀က်ခြံပေါက်သွားတယ်...ရေးမိရေးရာရေးတတ်တဲ့ ပေါက်ပေါက်ဆုပ်လေး တက် သွားတယ်ဆိုတော့..ဘာများဖြစ်တာလဲလို့ ..သူ့ ဆီသွားကြည့်တာ....(လိုအပ်ရင် ခြေမလေးဘာလေး ချိုး နှာခေါင်းလေး ဘာလေးပိတ်ပေးရအောင်လို့ ပေါ့..) နောက်တော့မဟုတ်ပါဘူး.... "လွန်အေးလှတဲ့ ဆောင်းည" အကြောင်းတဲ့....အဲ့ဒါရေးရမယ်တဲ့...

ရေးမယ်ရေးမယ်နဲ့ ..အချိန်ဆွဲနေလိုက်တာ...ဆောင်းတွင်းတောင်ရောက်တော့မယ်...ဟိဟီ...ဆောင်းညဆိုလို့ ... ဟိုးတုန်းက တောင်ကုတ်မြို့ ရဲ့ ညလေးတစ်ည မှာပေါ့.. စစ်တွေဘက်သွားရင်း.. မိုးအရမ်းချုပ်သွားလို့  တောင်ကုတ်မြို့  ရဲ့  ဂိတ်ဝင် ၀မှာ..ညအိပ်ခဲ့ရတဲ့နေ့  လေးပေါ့... ဆောင်းညဆိုတော့ မြုတွေကျပီး ပိန်းပိတ်အောင် ဖြုနေလိုက်တာ ကိုယ့် ရှေ့ လက်တစ်ကမ်း လောက်ကိုပဲ သေချာမြင်ရတဲ့ အချိန်ကြီးလေ...။ အဲ့ဒီ့ညက စားခဲ့ရတဲ့ ပူပူနွေးနွေးထမင်း နဲ့ ..ရခိုင်ဗူးသီးကာလသားဟင်းချက်ကို ခုထိမမေ့သေးဘူး...တော်တော်ကောင်းတာဗျ..အဲ့ဒီ့ညစာစားပြီး ဒီလောက်အေးတဲ့ညမှာ အနွေးထည်ဝတ်စရာ မတော့ဘူး... ။ဘာလို့ လည်းဆိုတော့ သူက ဗူးသီးကာလသားချက်ဆိုပေမယ့် ဟင်းခတ်လိုက်တိုင်း ငရုတ်သီးဖတ်က ဗူးသီးကို အလှည့်ကျော်ပြီး ပါပါလာတာကိုး.. ပြီးတော့လည်း ချက်ထားတာပူပူလေးဆိုတော့...အငွေ့ တထောင်းထောင်းနဲ့ ။ ထမင်းကလည်းကြည့်အုံး..ခုမှအိုးပေါ်ကချတာ..ပြီးရော... ။ သောက်မိလိုက်တဲ့ရေက တစ်အိုးလောက်ရှိမယ်နဲ့  တူတယ်....။ချမ်းအေးလွန်းတဲ့ တောင်ပေါ်ညကြီးမှာ အနွေးထည်ဝတ်စရာတောင်မလိုဘူး...အိပ်ခါနီးကားပေါ်ကတွေ့ ရတဲ့ မီးစုန်းတွေက လည်း အကြီးကြီးပဲ.. အရမ်းလှတာ ဒါပေမယ့်အဲ့တုန်းက ကျနော်က ငယ်သေးတော့ ကြောက်စရာကြီးတွေပေါ့.. ဟိုဟိုဒီဒီလျှောက်သွားနေတာ..လေ..။နောက်တော့ အရင်တုန်းက ရှိခဲ့တဲ့ ရေကျော်ပွဲ...တွေကိုပေါ့..။အဲ့ဒီ့နေ့ တွေကျရင် ညီအကို တွေ သူငယ်ချင်းတွေနဲ့  ပွဲဈေးထဲ လျှောက်ပတ်ကြည့်ခဲ့ရတဲ့ ညတွေ...လေ...။ အဲ့တုန်းက ဆိုရင်..ညီအကိုလေးယောက် စုမိမှ ၂၀၀ လောက်ပဲပါတာ.. ပွဲဈေးထဲလျှောက်လည်ဖို့ ဆိုတာ ဘယ်လိုမှမဖြစ်နိုင်...။ ရေမုန့် တို့  ကောက်ညှင်းကျည်တောက်တို့ ... မုန့် ဗိုင်းတောင့်တို့ ထမနဲထိုးတို့ ..မုန့် လင်မယားတို့  ဘူးသီကြော်တို့ ဆိုတာ စားဖို့ ဝေလာဝေး..အနားတောင်မကပ်နိုင်ဘူး.... ဒါနဲ့  ဈေးပွဲထဲရောက်ပြီဆိုတာနဲ့ .. မထူးဇာတ်ခင်းပြီး မျှားသွာပစ်ကြတယ်....နတ်ကောင်းနတ်မြတ်တွေက စောင့်မကြည့်ရှုတယ်ထင်ပါတယ်..(ဒါမှမဟုတ် ပစ်လိုက်တဲ့မျှားက သူတို့ ကို ထိသွားလို့ လားမသိ) ၂၀၀ ဖိုးရင်းလိုက်တာ ၄၀၀၀ တောင်ရတယ်...ဒိုင်လုပ်တဲ့လူတွေကတော့ မျက်ထောင့်နီတွေနဲ့ ကြည့်နေတာပေါ့...။ဘာရမလဲ.. သမိန်ပေါသွပ် ကာတွန့် စာအုပ်ဖတ်ပြရတော့တာပေါ့.. ။ဒါနဲ့ ပဲ ...တစ်ညလုံးစာ ဖူလုံသွားတာလေ...ညလုံးပေါက် ရဟတ်စီးလိုက်၊ ဗန္ဓုလ ဦးထုပ်တို့ ဓားတို့ ဆောင်းပြီး သူရဲကောင်းကြီးလုပ်လိုက်၊ ပုဇွန်တောင်ဘက်နားက စတိတ်ရှိုးဘက်သွားပြီးလျှောက်အော်လိုက် လည်ပြီး အိပ်လိုက်ကြတာ နောက်နေ့ အိပ်ရာထတော့ ..ညနေ ၆နာရီပေါ့..။ဒါနဲ့ ပဲရေမိုးချိုးလှလှပြင်ပြီး ပွဲဈေးတစ်ခေါက်ရောက်ရပြန်တာပေါ့..။ နောက် ကာတွန်း ဆရာကြီး ဦးဘဂျမ်း အတွက် အမှတ်တရလုပ်တဲ့ တရုတ်တန်းက ကာတွန်းပြပွဲ၊ အဲ့ဒီ့နေ့ ကျရင် သူငယ်ချင်းတွေနဲ့  ၁၉လမ်းဘက်မှာ မုန့် တွေ လျှောက်စားတယ်...ပြီးတော့ လမ်းမတစ်လျှောက် ကျောက်သင်ပုန်းတွေမှာ ကပ်ထားတဲ့ ကာတွန်းတွေကို ဖတ်ရတာ အရမ်းပျော်ဖို့ ကောင်းတာပဲ....။အင်း...ခုတော့အဲလိုနေ့ လေးတွေကိုသတိရလိုက်တာ......။လူဆိုတာ ပြန်မရနိုင်တာကို မှပိုပြီးလွမ်းဆွတ်ကြတယ်တဲ့....။ ကဲ....ခုမှပဲ ..ချွေးတိတ်သွားတယ်....ပေါက်ပေါက်ဆုပ်လေး တက်ထားတာတော့..ရေးပြီးသွားလို့ ပေါ့..

ဆက်ဖတ်...ဆက်ဖတ်...

မိုးတွေရွာနေတယ်...

"မိုးညများမှာ ချစ်ပျောက်ကိုရှာတော့...

ဒီမိုးစက်တွေ နှိပ်စက်ကြအုံး............

မိုးသည်းထဲက..ကိုယ့်..ရဲ့ မျက်ရည်...

ဘယ်သူမှ မတွေ့ ဘူး.............


လွမ်းမိုးတွေသဲ..တုန်းပေါ့...

စာနာနိုင်သူမရှိ...ပြီ..

မအိပ်ဘူးညတွေ ကိုယ့်...တစ်ယောက်ထဲ....

တွေ့ မလားမင်းကို ရှာဖွေ....ခဲ့...


အချိန်တွေဟာကိုယ့်... အတွက်..

ကြောက်ရွံ့ လောက်စရာ ချိန်းခြောက်နေခဲ့....

ရင်ခွင်မှာလျှက်တပြက် မိုးထစ်ချုန်းရွာသဲ...တဲ့....ည....

ကိုယ်နာကျင်သွားခဲ့......ညလေး....ထဲ......


အချစ်မရှိတော့ဘူး....အလွမ်းညလေးများ.....မိုးသည်းည.........

ကိုယ်အိပ်စက်မရဘူး..........ဟူး............"

ဒီနေ့ မနက်မိုးတွေ တအားရွာနေတယ်.....မိုးရေထဲမှာ လမ်းလျှောက်ရင်း အာရုံရတာရွတ်ကြည့်လိုက်တော့ ဒီသီချင်းပဲရှိတယ်...အစအဆုံးလည်းမရတော့ ..အဲ့ဒီ့စာသားကိုပဲ...ထပ်ခါထပ်ခါရွတ်ရတော့တာပေါ့....ဆောင်းရာသီကိုရောက်မရောက်တော့မသိဘူး...မိုးတွေကတော့သဲတုန်း.......

ဆက်ဖတ်...ဆက်ဖတ်...

Wednesday, August 29, 2007

ဘက်ဒေး ကိတ်မုန့် တွေ

မွေးနေ့ မွေးနေ့ .....ဝေး....ဒီနေ့ ကျနော့်မွေးနေ့ ဗျ....အဲ့ဒီတော့လာသမျှလူအားလုံးကို...
ကိတ်မုန့် တွေနဲ့ ဧည့်ခံမဗျ.......
တော်တော်ပင်ပင်ပမ်းပမ်းကြီး ကိုဖုတ်လိုက်ရတယ်....ဗျ ဘာလို့ လဲဆိုတော့ အဲ့ဒီလောက် အများကြီးကို ကျနော့်အိမ်မှာ မလုပ်နိုင်ဘူးလေ......အဲဒီတော့သူများ မုန့် ဖုတ်တဲ့ဆီသွားပြီး အကူအညီတောင်းရတော့တာပေါ့...သူငယ်ချင်းတွေကို ကျွေးချင်တဲ့ စေတနာတွေနဲ့ လေ.....စေတနာဗရပွနဲ့ ပေါ့.....

ဘယ်သူ့ ဆီမှာ သွားလုပ်တာလဲဆိုတော့ ဂုဂဲလ်ကြီးဆီမှာပေါ့...
အဲ့ဒီ့က လူကြီးတွေကလည်း အရမ်းကူညီပါတယ်...တွေ့ တဲ့အတိုင်း လှတပတလေးတွေ ဖြစ်အောင်လုပ်ပေးကြတာပေါ့...
တစ်ချို့ ဆို ဘဒ်ဒေးလက်ဆောင် ဆိုပြီးတော့တောင် ပေးလိုက်ကြသေးတယ်...



































စတော်ဘယ်ရီကိတ် တဲ့
















ကဲစားပြီးသောက်ပြီး ရင်ချောင်သွားအောင်..စတော်ဘရီခရင်လေးလည်းတိုက်အုံးမှာ.....







ဆက်ဖတ်...ဆက်ဖတ်...

Tuesday, August 14, 2007

ကျနော်နှင့် အမ်တီဗွီ (၁)

ကဲ.. ဒီနေ့ တော့လာလာသမျှ သယ်ရင်းတွေကို အမ်တီဗွီ ဟစ်ဟော့ပ်သီချင်းတွေနဲ့ ဧည့်ခံမယ်...
ဟစ်ဟော့သီချင်းဆိုလို့ ... ဒုန်းဒုန်းဒိုင်းဒိုင်း၊ ရေမသောက်၊လေမရှုပဲ၊ဆောင့်ကြီးအောင့်ကြီး အမုန်းလွှတ်ပွားနေတဲ့ ဟာတွေပဲလားလို့ မထင်ပါနဲ့ ..ဗျာ...

အခုဟာလေးက ပေါ့ပ်ဟောပ့် လို့ တောင်ခေါ်ရမလားမသိ...သီချင်းအေးအေး အသံချိုချိုလေးတွေနဲ့ ပါ... ခုန်ပေါက်နေတာလည်းမဟုတ်တော့ မြန်မာနားနဲ့ ကော မျက်စိနဲ့ ပါ အလွယ်တကူ ခံစားလို့ ရမယ်ထင်ပါတယ်...သီချင်းဆိုတဲ့ ကောင်မလေးရဲ့ အသံကလည်းကောင်း စတိုင်လ်လေးကလည်းမိ၊ ကောင်လေးကလည်း ချစ်စရာသွားစွယ်လေးတွေ နဲ့ မျောက်ကလေးကျနေတာပဲ.... :P ပြောစရာဆိုလို့  မြန်မာလိုဆိုထားတာ မဟုတ်တာ တစ်ခုပါပဲ.....
ဆိုထားတဲ့ အဖွဲ့ ကတော့ Big Bang တဲ့...ကိုရီးယားကလားဘဲ.....
ပြန်ဆိုတေးလေးထွက်ရင် လည်းလက်တို့ ကြပါအုံးဗျာ......မြန်မာလိုလည်းနားထောင်ချင်လို့ ပါ...
အမြည်းကြည့်ချင်တယ်ဆိုရင်တော့ ဒီမှာပါ....


Forever with you




We belong together




My Girl




A Fool's tear




ကြိုက်လို့  သိမ်းထားချင်တယ်...နောက်တစ်ခေါက်ကြည့်ချင်တယ်...ဆိုရင်တော့ ဒီလင့်ကနေ ယူလိုက်ပါနော်....ပိုက်ပိုက်မပေးရပါဘူး..
Forever with you | We belong together
My Girl | A Fool's Tear

ဖိုင်အမျိုးအစားတွေက flv နဲ့  Divx coded wmv တွေပါ.... FLV player နဲ့ ဖွင်လို့ ရပါလိမ့်မယ်...
တစ်ကယ်လို့ ဘာနဲ့ ဖွင့်ရမှန်းမသိဖြစ်နေရင်တော့ VLC player ကိုပါတင်ပေးလိုက်ပါတယ်... ဒီအောက်မှာပါဗျာ...
VLC media player 0.8.6c +25 skins

ဆက်ဖတ်...ဆက်ဖတ်...

Monday, July 23, 2007

ကျနော်နှင့် ဖိုင်လ်ဖျောက် ကောင်ကောင်

ကျနော်ခံစားရဖူးတယ်..ဖျောက်ထားတဲ့ ဖိုင်လ်တွေကို ပြန်ဖော်တဲ့ နေရာလေးတွေ Trojan လား spyware လား virus ကြောင့်လား တော့မသိဖူး...ပျောက်သွားတယ်...အဲ့ဒီတော့ကွန်ပြုတာရဲ့ မလိုတဲ့ဖိုင်လ်တွေကို ဖျက်တဲ့နေရာမှာ အခက်အခဲဖြစ်တာပေါ့ Virus Scan လည်းစစ်လို့ မရတော့ဖူး..
စက်ကလည်း သုံးရတာလေးပြီးထိုးကျသွားတယ်..CPU useage ကိုလည်း ကြည့်လို့ မရတော့ဖူး...
Task Manger ပါဂေါက်သွားလို့ ...။ window အသစ်လည်းပြန်တင်လို့ မရတဲ့ အခြေအနေဆိုတော့
စဉ်းသာ...စားကြည့်ပေတော့...။

တတ်သလောက်မှတ်သလောက်လေးနဲ့  regedit.exe တို့  gpedit.msc တို့ services.msc တို့ ကနေ ပြန်ဖော်ကြည့်တာပဲ ယဖူး....ကောင်ကောင်တွေက ခေါင်းမာနေတယ်...ပြန်ပြန်ဖွက်ထားကျတယ်..အဲ့ဒီတော့ ပစ္စည်းဝှက်တမ်း ကစားနေသလို ဖြစ်နေတာပေါ့...ကြာတော့ မောလာတယ်..ကစားချင်တော့ဖူး...။ ညီ၊ကို တို့ ကော..ကြုံဖူးလား...အဲဒီလို...?။ ဒါနဲ့ တစ်နေ့ ဂုဂဲလ် မှာရှာရင်းဖွေရင်း...တွေ့ သွားတယ်...
ဒန်တန့် တန့် ..။မယမက သူ့ ကိုအတင်းဆွဲခေါ်ပြီး ဟိုကောင် ကောင် တွေနဲ့ ပေးတွေ့ လိုက်တယ်....အဲ့ဒီ့ကောင်ကောင်တွေက
သူ့ ကျတော့ကြောက်သား...အားလုံးကိုပြန်ဖော်ပေးရတယ်......။ခုတော့နေလို့ ထိုင်လို့ ကောင်းသွားပီ...ဆေးလဲထိုးယတော့ဖူး...ဆေးလဲသောက်ယတော့ဖူး...အဲ့ဒါ ထက်လင်း (အဲလေ) RRT 1.0.4 Personal ဆောင်လို့ ပေါ့..။
အဲ့ဒါလေးကို ကိုယ့် ညီ၊ကို တွေကိုပြန်ရှဲချင်လို့ ...။

တစ်ကယ်တော့ ဒါက hidden restrictions removal tool လေးပါ..ဗိုင်းရစ်ကြောင့်ဖြစ်ဖြစ်၊ အသုံးပြုသူကြောင့်ပဲဖြစ်ဖြစ်..၊window system ပျက်သွားလို့ ပဲဖြစ်ဖြစ် အရင်တုန်းကပေါ်နေကျ
Folder option တို့ 
Hidden files function တို့ 
Tesk Manager တို့ 
Run command တို့ 
Window Firewall တို့ 
Show Desktop တို့ 
Show Task bar တို့  အလုပ်မလုပ်၊ မပေါ်ပဲပျောက်သွားတာတို့ ကို ကုစားပေးတာပါ..

တစ်ခုခုကို ပြောင်းလိုက်ပြီးတိုင်း ကွန်ပြုတာကို ပိတ်ပြီးပြန်ဖွင့်ပေးရပါ့မယ်...

ဒီလင့်လေးမှာဒေါင်းလုပ်လိုက်ပါဗျ.....Remove Restriction Tool 1.0.4 Personal

ဆက်ဖတ်...ဆက်ဖတ်...

Wednesday, July 4, 2007

ကျနော့ ရဲ့ မိုး...

ဒီနေ့ ရုံးသွားဖို့ ကားပေါ်တက်လိုက်တော့ ၀ဿန်မိုးရဲ့ ရှေ့တော်ပြေး လေနုအေးလေး က မိုးနံ့ မွှေးလေးကို ဂန္ဒာရုံထဲ ဖြေးဖြေးလေးနဲ့ အေးအေးလေး အတင်းထိုးထည့်နေလို့ ...လီမွန်တီး မသောက်ရပဲ စိတ်ကလန်းဆန်း ကြည်လင်သွားလိုက်တာ အရာအားလုံးဟာ မျက်စိရှေ့က ကွယ်ပျောက်နေခဲ့တယ်.. ။



"လက်တို့ တောင်းရင်ရှက်ဖို့ ကောင်းတယ်နော်" ဆိုတဲ့ စပယ်ယာကိုသဲကြီးရဲ့ အသံကြားမှ လူ့ လောကထဲ ပြန်ရောက်လာတယ် (ခုနက မြက်ခင်းစိမ်းလေးတွေထဲ ရောက်သွားတာ....)။.ဘာလို့ ဒီနေ့ မှ ကိုသဲကြီးက ချစ်သူ့ ဝေထက်တောင် ချစ်ဖို့  ကောင်းနေတာလဲမသိဖူး။ ဒီကကောင်ကလည်း ဘယ်ရမလဲ အလိုက်မသိတဲ့ မျက်နှာပေးနဲ့  ခပ်ပျော့ပျော့ ပိုက်ဆံကို ခပ်တည်တည် ကမ်းရတော့တာပေါ့။ပေးပြီးလို့ ဘေးဘီဝဲယာကို ဝေ့ကြည့်လိုက်တော့..အားပါးပါး..ကိုရီးယားကို ကားခ ၅၀ ပေးပြီးရောက်သွား သလိုပဲ အားလုံးက မင်းသားမင်းသမီးတွေကျနေတာပဲ..မြင်သမျှအရာအားလုံးဟာ လှပစွာဖြစ်တည်နေကျတယ်။


သိပ်မကြာခင်မှာပဲ PH7 ထက်သန့် တဲ့ ခန္ဓာကိုယ်နဲ့ ထိရင် မိတ်တောင်ပျောက်တယ်ဆိုတဲ့ ကောင်းကင်ပေါ်က အရည်တွေ (ပြောကြတာပဲ ဇကာနဲ့ တောင်စစ်စရာမလိုဖူးတဲ့ တချို့ ကလည်း သိကြားမင်းဟိုဒင်း ပြုလိုက်တာတဲ့) မိုးအဖြစ်ရွာချတယ် ဖွဲဖွဲ..ဖွဲဖွဲနဲ့ ပေါ့..။မှတ်တိုင်မှာကားရပ်ရင်း ကျလာတဲ့မိုးစက်တွေကို ပြတင်းပေါက်ကနေ ကြည့်ရတာ အိမ်မက်ထဲက ရည်းစားကို တွေနေရ သလိုပဲ။လက်ဆုပ်လက်ကိုင် ပြစရာမရှိသေးတော့ ဒီလိုပဲပြောရတော့မှာပေါ့။ တစ်မှတ်တိုင်ရောက်တိုင်း တစ်နာရီလောက် အီကြာကွေးဆွဲတတ်တဲ့ Hoter con: ကားကြီးက ဒီနေ့ မှ အောက်တိန်းဓာတ်ဆီများ ထည့်ထားလားမသိ ခါတိုင်းထက်မြန်နေသလိုပဲ..မိုးရွာတာကို ကြည့်ရတာတောင် မ၀သေးပဲ ဆင်းရမဲ့မှတ်တိုင်ကို ဘယ်လိုရောက်သွားလဲ မသိ..။

နွေရာသီမှာ ရွာတောကလမ်းကျဉ်းလေးလို ဖုန်တထောင်းထောင်း ထနေတဲ့ မြို့ ပြလမ်းကလေးက ခုတော့လည်း ဗွက်တစွပ်စွပ် ဖားတစ်အော်အော် နဲ့  ပါပေါ့လား...ရေမြွေလေးတောင် ဖြတ်ပြေးသွားသေး.. ဆီသည်မ (ကင်းခြေများ) ဆို မပြောနဲ့  တော့။အခန်းထဲရောက်လို့  ခရစ်စတင်း သန္တာလှိုင်လို စူပါကော်ဖီကို စတိုင်လ်အပြည့်နဲ့ သောက်မိတော့ ငါလေ နင့်ကိုသတိရတယ်သိလား..ဘယ်သူက ဘာမှန်းမသိတဲ့ သတိရခြင်းမျိုးနဲ့  ပေါ့..။

ဘာပဲပြောပြောပါ ဒီလိုနေ့ လေးတွေက ကျွန်တော့် ဖို့ တော့ လှပတဲ့ကမ္ဘာမြေပါပဲ....။တကယ်တော့မိုးဟာ ကျွန်တော့်ကို ခွန်အားတွေ ဖြစ်စေတယ်..ပျော်ရွှင်မှု့ ကိုပေးစွမ်းတယ်..၀မ်းနည်းရတာတွေလည်း အများကြီးပါ ... လွမ်းဆွတ်မှု့ နဲ့ အေးချမ်းတည်ငြိမ်မှု့ လည်းပါပါတယ်..ပြောပြရင် တောသားတော့ ဖြစ်တော့မယ်...။


အော်...မိုးရာ ကြည့်လို့ တောင်မ၀သေးဖူး တိတ်တော့မှာလားကွာ.......မရွာပါနဲ့ လားဟင်...။


ဆက်ဖတ်...ဆက်ဖတ်...

Friday, June 29, 2007

အရှင်စူဠနာ နှင့် ဒါနအကျိုး

တစ်ခါတုန်းက သီဟိုဠ်ကျွန်းမှာ အရှင်စူဠနာဂလို့  အမည်ရတဲ့ မထေရ်တစ်ပါး ရှိခဲ့ဖူးပါတယ်။

သီဟိုဠ်ကျွန်း အနုရဓမြို့ ရဲ့  ထူပါရုံကျောင်းတိုက်ကြီးမှာ သီတင်းသုံးနေတဲ့ မထေရ်တစ်ပါးပါ။တစ်နေ့ အရှင်စူဠနာဂ ဆွမ်းစားပြီးလို့  ခံတွင်းဆေးချိန်မှာ သားပေါက်ထားတဲ့ ခွေးမတစ်ကောင်ကို တွေ့ လိုက်ရပါတယ်။ခွေးမကို သေချာကြည့်လိုက်တော့ ပိန်ပိန်ချိချိနဲ့  အတော်ဆာလောင်မွတ်သိပ်နေတဲ့ပုံပါ။ ဆာလောင်မွတ်သိပ်နေတဲ့ ခွေးမကိုမြင်လိုက်တော့ အရှင်စူဠနာဂက တော်တော်လေးသနားသွားပါတယ်။ဒါပေမယ့် ဆွမ်းကလည်း သပိတ်ထဲမှာ ကပ်နေတာလေးတောင် မကျန်တော့ဖူး....။

အဲဒါကြောင့် "ငါသည် စားအပ်ပြီးသော အစာမှန်သော်လည်း ထိုခွေးမအား အန်၍လှူအံ့သောငှာအပ်၏" လို့ နှလုံးပိုက်ပြီး
မိမိရဲ့ ခံတွင်းထဲကို လက်ထိုးအန်ပြီး ခွေးမကို ကျွေးလိုက်ပါတယ်။ အရှင်စူဠနာဂဟာ ခွေးမကို အန်ကျွေးရုံတင်မကပါဖူး၊ အိုးခြမ်းကွဲတစ်ခုထဲမှာ ရေထည့်ပြီး ရေလည်း ရေလည်းတိုက်လိုက်ပါသေးတယ်။

အစာထိုက်သင့်သလောက်ဝသွားတဲ့ ခွေးမကိုကြည့်ပြီး အရှင်စူဠနာဂလည်း တစ်ခါမှမဖြစ်ဖူးတဲ့ ပီတိတွေဖြစ်လာပါတယ်။ ဒါကြောင့် ဆုတစ်ခုကို ကောက်ခါငင်ခါ တောင်းလိုက်ပါတယ်။ သူ့ ရဲ့ ဆုတောင်းက.....

"ငါသည် ဤခွေးမအား မိမိရဲ့ ခန္ခာကိုယ်ကို မငဲ့ကွက်ဘဲ အန်၍ကျွေးရသော ကုသိုလ်ကောင်းမှုကြောင့် နိဗ္ဗာန်ရောက်ရပါလို၏၊ နိဗ္ဗာန်မရသေး၍ သံသရာကျင်လည်ရသည်ရှိသော် ပစ္စည်းလာဘ်လာဘ ပေါများရပါလို၏"

စာထဲမှာတော့ အရှင်စူဠနာဂရဲ့  ဒါနစေတနာဟာ ပထမဇောအဆင့်မှာတင် အရှိန်အဟုန် အစွမ်း တော်တော်ကြီးမားနေခဲ့တယ် လို့ ဆိုပါတယ်။

အရှင်စူဠနာဂ ဆုတောင်းတဲ့နေ့ ညချမ်းမှာပဲ ဒကာ၊ဒကာမများစွာဟာ ထောပတ်တွေ၊ တင်လဲခဲတွေ၊ သကာတွေ၊ ပျားရည်တွေ၊ ဇာတိပ္ပိုလ်ပွင့် အစရှိတဲ့ သီဟိုဠ်ခေတ်မှာ အသုံးများတဲ့ ဆေးတွေ ယူလာပြီး "အရှင်စူဠနာဂ ဘယ်ကျောင်းမှာ နေပါသလဲ" လို့ မေးပြီးလာရောက် ကပ်လှူကြပါတယ်။

နံနက်လင်းလို့ ဆွမ်းခံကြွတဲ့အခါမှာတော့ ဒကာ၊ဒကာမတွေဟာ ရေတွက်လို့ မရနိုင်အောင် ဆွမ်းဟင်းများစွာကို လောင်းလှူတော့တာပါပဲတဲ့။ဘယ်လောက်ထိ ဆွမ်းရသလဲဆိုရင် ထူပါရုံကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ ရဟန်းတော်တွေ အပြင်အနီးအပါးကျောင်းတိုက်က ရဟန်းတော်တွေကိုပါ ကျောက်စည်တီးပြီး ပြန်လောင်းလှူရတဲ့ အထိပါပဲတဲ့။အဲ့ဒီ့လို လှူတာက နေ့ စဉ်ရက်ဆက်ပါပဲတဲ့...။

တစ်နေ့ မှာတော့ အရှင်စူဠနာဂဟာ မိမိပြုခဲ့တဲ့ဒါနစေတနာကို ပြန်ဆင်ခြင်ရင်း ပီတိတွေဖြစ်လာပါတယ်။ဒါနဲ့ ပဲ ဖြစ်ပေါ်လာတဲ့ ပီတိကို အခြေခံပြီး ၀ိပဿနာကိုကူး ကမ္မဠန်းဘာဝနာကို ကြိုးကြိုးစားစား အားထုတ်လိုက်တာ ရဟန္တာ ဖြစ်သွားခဲ့ပါတယ်။ တက်ကြွထက်သန်တဲ့ ဒါနစေတနာဟာ ပစ္စုပ္ပန်အကျိုးတင်မကဘဲ အရဟတ္တဖိုလ်အထိ အကျိုပေးသွားတာပါပဲ။

အရှင်စူဠနာဂ ရဟန္တာဖြစ်ပြီးနောက်ပိုင်း တစ်ခုသောကာလအကြာ မှာ ထူပါရုံကျောင်းတိုက်က ရဟန်းတော်ငါးရာကြွလာပြီး မဇ္စျိမဒေသ အိန္ဒိယနိုင်ငံမှာရှိတဲ့ မဟာဗောဓိညောင်ပင်ဆီကို လိုက်ပို့ ပေးဖို့ တောင်းပန်ကြပါတယ်။ အရှင်စူဠနာဂကလည်း လိုက်ပို့ ပေးပါ့မယ်လို့  ပြန်ဝန်ခံလိုက်ပါတယ်။ အရှင်စူဠနာဂကို လိုက်ပို့ ပေးဖို့ တောင်းပန်ရခြင်းရဲ့ အဓိကအကြောင်းကတော့ လမ်းခရီးတစ်လျှောက်မှာ ဆွမ်းကွမ်းအခက်အခဲ မရှိအောင်လို့ တဲ့။

အသွားလမ်းခရီးမှာတော့ အရှင်စူဠနာဂရဲ့ စေတနာကုသိုလ်ကံကြောင့် နတ်ကောင်နတ်မြတ်တွေက ကူညီစောင့်ရှောက်သလို ရောက်ရာဒေသက ဒကာ၊ဒကာမတွေကလည်း ဆွမ်းခဲဖွယ် ဘောဇဉ်တွေ လှူတန်းကြတဲ့ အတွက် အခက်အခဲမရှိဖူးပေါ့..။ မဟာဗောဓိညောင်ပင်ကိုဖူးပြီး အပြန် လမ်းခရီးမှာ အရှင်စူဠနာဂဟာ လေ၀မ်းရောဂါကို အပြင်းအထန် ခံစားရပါတော့တယ်.။ ဒီတော့အတူပါလာတဲ့ ရဟန်းတော်တွေလည်း မျက်စိပျက်၊ မျက်နှာပျက် နဲ့ ပေါ့.။ ဘာလို့ လဲဆိုတော့ အကယ်၍ အရှင်စူဠနာဂ လမ်းခရီးမှာ ပရိနိဗ္ဗာန်ပြုခဲ့ရင် သူတို့ အတွက် ဆွမ်းကွမ်း အခက်အခဲတွေ့ မှာ စိုးလို့ ပါတဲ့...ကဲ...ကောင်းရော။ ဒါကိုသိတဲ့ အရှင်စူဠနာဂက အဖော်ရဟန်းငါးရာကို ဘယ်လိုမိန့် သလဲဆိုတော့ " အရှင်ဘုရားတို့ အထွေအထူး မစိုးရိမ်ကြပါနဲ့ ၊ တပည့်တော် ပရိနိဗ္ဗာန်ပြုခဲ့ရင် ကြွင်းကျန်တဲ့ ဓာတ်တော်ကို ရှေ့ ဆုံးကကြွတဲ့ မထေရ်ရဲ့ ရေစစ်မှာဖြစ်ဖြစ်၊ သပိတ်မှာဖြစ်ဖြစ် ဖွဲချည်ပြီး မြိုရွာထဲဝင်ပါဘုရား။ ဒါဆို အရှင်ဘုရားတို့  အတွက် လမ်းခရီးမှာ ပစ္စည်းလေးပါးအတွက် မပင်မပန်း ဖြစ်ရပါလိမ့်မယ် ဘုရား" လို့ အကြံပေးတော်မူပါတယ်။

အရှင်စူဠနာဂမထေရ်လည်း အဲဒီလိုအကြံပေးပြီး မကြာခင်မှာပဲ ပရိနိဗ္ဗာန်ပြုသွားပါတယ်။ ကျန်ခဲ့တဲ့ သီတင်းသုံးဖော် ရဟန်းတော်တွေလည်း အရှင်စူဠနာဂရဲ့ အလောင်းတော်ကို ကောင်းကောင်းသဂြိုင်္လ်ပြီး အရှင်စူဠနာဂ မှာခဲ့တဲ့အတိုင်း ဓာတ်တော်တွေကိုယူပြီး ကြွတော်မူကြပါတယ်။ ကြွတော်မူတဲ့ လမ်းခရီးတစ်လျှောက် ပစ္စည်းလေးပါး အတွက် မပင်မပန်းရဘဲ မိမိတို့ သီတင်းသုံးရာ ထူပါရုံကျောင်းတိုက်ကို ပြန်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

စေတနာဒါနရဲ့ အကျိုးကျေးဇူးကို ခံစားခဲ့ရတဲ့ အရှင်စူဠနာဂ ရဲ့ အကြောင်းလေးပါ။စေတနာကြီးမားလှတဲ့ သာမာန်ဒါနလေးဟာ ကာကံရှင် မရှိတော့တာတောင် ကျန်ခဲ့တဲ့သူတွေအတွက် အကျိုးပြုသွားတဲ့ သီဟိုဠ်ဓမ္မ၀တ္တုလေးပါပဲ...။


ကျမ်းကိုး-

မဓုရ ရသ၀ါဟိနီကျမ်း - စူဠနာဂမထေရ်ဝတ္တု

Face (မုခ)မဂ္ဂဇင်း ဇန်န၀ါရီ၊ ၂၀၀၃


ဆက်ဖတ်...ဆက်ဖတ်...

Thursday, June 28, 2007

ဝင်းဒိုးထဲက ချက်

ဒီ ကွန်ဗာဇေးရှင်း ဆောဖ်ဝဲလ်လေးက Window XP မှာ အစကတည်းက ပါလာပီးသားပါ..
အားလုံးလဲ သိပြီးသားဖြစ်ကြပါလိမ့်မယ်...winchat.exe ပါ...
သူက အင်တာနက် ကွန်နက်ရှင် မရှိတဲ့ worokgroup တွေမှာ တော်တော်အသုံးဝင်ပါတယ်..
Game Center တို့ Small office တို့  Training Center တို့  အဲ့ဒါတွေကို ဆိုလိုချင်တာပါ..


ဒါပေမယ့် သူက peer to peer system ပုံစံမျိုးမို့ နတ်မီတင်လို ကိုယ်စကားပြောချင်တဲ့
ကွန်ပြုတာရဲ့ နာမည်နဲ့ အိုင်ပီကို သိထားရမယ့်အပြင်
သူ့ ကွန်ပြုတာ ဘက်ကလည်း winchat software ကို ဖွင့်ထားမှ အဆင်ပြေတာမို့ 
လူကြိုက်နည်းပြီး မေ့ကုန်ကြတာလည်း ဖြစ်နိုင်ပါတယ်..

ဒါပေမယ့် တကယ့် အရေးရယ် အကြောင်းရယ်ဆို အလွန်အားကိုးရတဲ့ တမန်တော်လေးပါပဲ
ကျွန်တော် အဲဒီ့ဆောဖ်ဝဲလ်လေးကို မှတ်မှတ်ရရ WindowXP မြန်မာမှာ စသုံးပြီး ၄လလောက်မှာ သူငယ်ချင်းတွေနဲ့ စတွေ့ ခဲ့တာ..အဲဒီ့တုန်းကတော့ MIRC တွေ စခေတ်စားနေချိန်လေ..
ခုတော့ အဲ့ဒီသူငယ်ချင်းလည်း မျက်နှာဖြုကောင်တွေဆီမှာ အဆင်မှပြေပါလေစ..(ယောကျာ်းချင်းချင်း ဘာလို့ လွမ်းနေရလဲသိဖူး ဟီး..ဟိ..)

ဘာမှ အင်စတောလုပ်စရာမလိုပါဘူး...

  • Start မီနူးထဲက run box ထဲမှာ winchat လို ရိုက်ထည့်ပီး Ok ကို နှိပ်လိုက်ပါ..
  • Conversation အောက်မှာ Dial ,Answer,Hang up ရယ် ရှိပါတယ်...
  • Dial ကိုနှိပ်လိုက်ရင် select Computer ဆိုပီးကျလာပါလိမ့်မယ်..
  • Computer ဆိုတဲ့ အကွက်မှာ ကိုယ်ခေါ်ချင်တဲ့ သူသုံးနေတဲ့ Computer name ဒါမှမဟုတ် အိုင်ပီကို ထည့်ပီး ခေါ်လိုက်ရင် သူ့ စက် မှာ ဖုန်းသံ ring မြည်လာပါလိမ့်မယ်..
  • သူက Answer ပြန်လုပ်မယ်ဆိုရင်တော့ အားလုံး OK ပေါ့.....
  • Dial က သူများကို စခေါ်မယ်ဆိုရင် သုံးတာပါ...
  • Answer က ကိုယ့်ကို လာခေါ်တဲ့သူကို ပြန်ခေါ်မှာပါ..
  • Hang up ကတော့အားလုံး သိကြတဲ့ အတိုင်း လက်ရှိပြောနေတဲ့သုနဲ့  ဆက်မပြောတော့တာပါ...
သူ့ ကို run ချင်ရင် Network DDE ဆိုတဲ့ Service ကို run ပေးရပါမယ်...
  1. start>run>services.msc>Network DDE ကိုဖွင့်လိုက်ပါ..
  2. startup type မှာ Automatic ကို ရွေးပီး OK နဲ့ ပိတ်လိုက်ပါ..
  3. Computer ကို restart ချပေးနိုင်ရင် ပိုကောင်းပါတယ်..

ဆက်ဖတ်...ဆက်ဖတ်...

© New Blogger Templates | Webtalks